Welcome to Burma Point! ...together, we will build another independence monument...

BurmaPoint

 
  • Increase font size
  • Default font size
  • Decrease font size
Home Statements and Press Releases
Statements and Press Releases
E-mail Print PDF

မဟာသီရိသုဓမ္မဒေါ်ခင်ကြည်

ဒီတပတ် သက်ကြီးစကား ကဏ္ဍမှာတော့ အာဇာနည်ဗိုလ်ချုပ်အောင်ဆန်းရဲ့  ဇနီးလဲဖြစ်၊ အမျိုးသားခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိခင်လဲဖြစ်တဲ့ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အကြောင်းကို အမှတ်တရ ဂုဏ်ပြုစကား အနည်းငယ် ပြောလိုက်ချင်ပါတယ်။ ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့  ဇနီးအဖြစ်နဲ့ သာမက သူကိုယ်တိုင်လဲ နိုင်ငံအကျိုးကို သည်ပိုးရွက်ဆောင်ခဲ့သူ အမျိုးသမီးကြီးတဦးအဖြစ်နဲ့ ပါ ထင်ရှားပါတယ်။  ဇာတိက မြောင်းမြပါ။ ဦးမိုးမြင့် ဒေါ်ဖွားစု တို့ က ၁၉၁၂ခုနှစ်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ရန်ကုန် ကြည့်မြင်တိုင် အထက်တန်းကျောင်းက ၁၀တန်း အောင်ခဲ့ပြီးနောက် ဒဗ္ဖရင်က သားဖွားနဲ့  သူနာပြုအတတ်အောင်မြင်ခဲ့ပါတယ်။ ဆရာဖြစ်လက်မှတ် ရှိပေမဲ့ သူနာပြုအလုပ်ကိုပဲ အထူးဝါသနာပါပြီး ယုံကြည်ချက်နဲ့  စေတနာအရင်းခံပြီး စွဲစွဲမြဲမြဲ လုပ်ခဲ့ပါတယ်။ ဂျပန်ခေတ် စစ်ဆေးရုံကြီးမှာ ဆေးဝါးပစ္စည်းလဲမစုံ၊ သူနာပြု အင်အားလဲ မလုံလောက်တဲ့ ကြားက နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်တွေနဲ့  ဒဏ်ရာရပြည်သူ့  ရဲဘော်တွေကို အပင်ပန်းခံပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။

Last Updated ( Sunday, 28 December 2008 19:38 ) Read more...
 
E-mail Print PDF

ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးအတွက် ပြည်ပရောက် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တို့ ၏ ကြေညာချက်

၂၀၀၈ ဇွန် ၁၇

လာမည့် ဇွန် ၁၉ ရက်နေ့ သည် အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်မွေးနေ့  ဖြစ်သည်။ မွေးနေ့ တနှစ်တိုးလာသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျင်းချထားရာမှ ဆက်လက် ထိန်းသိမ်းထားသည်မှာ အလွန်ကြေကွဲစရာ ကောင်းလှသည်။

Last Updated ( Thursday, 14 August 2008 21:57 ) Read more...